Intro – soft]
ရီဝေဝေ ယစ်မူး
အတ္တတစ်ခု ဆုပ်ကိုင်ယင်း…
ဝင်သက်မမှန်တော့တဲ့ ငါ့ရဲ့ စိတ်တွေ...
[Verse 1]
သုံးစားမရတဲ့ အမှတ်တရတွေ
ထွေးပိုက်ယင်းနဲ့ ရခဲ့တဲ့ ဒါဏ်ရာတွေ ဗလပွ...
Message အဟောင်းတွေထဲ
ငါ့နှလုံးသားေလး ပျောက်ရှဆဲ...
အချိန် တွေ ကုန်လွန် သွားပေမယ့်
မအေးချမ်းနိုင်တဲ့ ငါဟာ...
မင်းနဲ့အတူရှိ ဖူးတဲ့ မြို့ထဲ လမ်းပျောက်နေဆဲ
[Pre-Chorus]
တစ်နေ့တော့...
ပြန်ဆုံ အူး မလား...
ဒါမှမဟုတ်....
ငါတို့တွေလမ်းပျောက်ခဲ့တာလား
ဆိုတဲ့ အတွေးတွေနဲ့...
မသေချာတဲ့ အနာဂတ်ထဲ
ငါ့စိတ်က မင်းအနားပဲ...
[Chorus – emotional]
သတိရယင် ပြန်လာပါ...
ကြိုနေတဲ့ ငါ့ရင်မှာ...
မင်းအတွက် ခုထိ မပြောင်းလဲခဲ့ပါ ..
အတိတ်က အမှားတွေ ပြင်မရ...
မင်းရှိမှ ပြည့်စုံမှာ...
မင်းသတိရယင် ပြန်လာခဲ့ပါ...
[Verse 2 – slight build up]
ငါ့ အတွေးတိုင်းမှာ
မင်းအရိပ်တွေ...
မျှော်လင့်ချက် မရှိတဲ့ ငါ့စိတ်ထဲ...
မင်းတစ်ယောက်သာ မျှော်လင့်ချက်မို့
သတိရတဲ့အခါ ပြန်လမ်းတွေ့ဖို့...
ငါဆုတောင်းနေပါ့မယ်...
နေ့တိုင်း....
[Bridge – soft whisper tone]
မင်းလေး တစ်နေ့တော့ ပြန်လာပါ...
မင်းအတွက် ရှိတဲ့ ငါ့ရင်မှာ...
မင်းရှိမှာ ပြည့်စုံမှာ
ဒါ တကယ်တမ်း ငါ့ဘဝပါ...သိပ်ချစ်ရတဲ့
မိန်းကလေးရာ...
ငါ့ညတွေ ဆက်လက် ရှည်နေဆဲ…
[Final Chorus – more emotion]
သတိရယင် ပြန်လာပါ...
ကြိုနေတဲ့ ငါ့ရင်မှာ...
မင်းအတွက် ခုထိ မပြောင်းလဲခဲ့ပါ ..
အတိတ်က အမှားတွေ ပြင်မရ...
မင်းရှိမှ ပြည့်စုံမှာ...
မင်းသတိရယင် ပြန်လာခဲ့ပါ....
မင်းအတွက်နေရာတစ်ခု
အမြဲတမ်း ရှိနေဆဲ…