[Intro]
ငါ့ အတွေး ထဲက
အမှန် အမှား ကြား
အတ္တ တစ်ခု ဆုပ်ကိုင်ယင်း ဝင်သက် မမှန်တော့တဲ့ ငါ့စိတ်ထဲ
[Verse 1]
သုံးစားမရတဲ့ အမှတ်တရတွေ ထွေးပိုက်ယင်း
ရင်ထဲက ပို ပီး နာ
အတိတ် ထဲမှာ ငါ့နှလုံးသား ပျောက်ရှယင်း မင်းကို ရှာနေမိဆဲ...
အချိန်တွေ တရွေ့ရွေ့ ကုန်သွားပေမယ့် မအေးချမ်းတဲ့ ငါ
မင်းနဲ့ရှိခဲ့ဖူးတဲ့ မြို့မှာ
တစ်ယောက်တည်း လမ်းလျှောက်ရင်း လမ်းပျောက်နေလေအောင်
အလင်းမဲ့ နေလို့
[Pre-Chorus]
တစ်နေ့တော့ ပြန်ဆုံအူးမလား (ဟဲ)
ဒါမှမဟုတ် ငါတို့တွေ လမ်းပျောက်ခဲ့တာလား
မသေချာတဲ့ အနာဂတ်ထဲ
ငါ့စိတ်က မင်းအနားပဲ
[Chorus]
ဘယ်လို အတိတ်မှန်း ငါမသိဘူး
မင်းနဲ့ငါ ခွဲသွားတဲ့ လမ်းခွဲထဲ ငါသာ ကျန်ရစ်နေတုန်း
မေ့ချင်လို့ ကြိုးစားရင်း မင်းကိုပဲ ထပ်ထပ် သတိရနေလို့
ငါ့ကို သတိရတယ် ဆိုယင် ပြန်လာခဲ့ပါ...